ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့၌ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲ ကျင်းပပြီး ရဝမ်အမျိုးသားဥယျာဉ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပူတာအို           အောက်တိုဘာ      ၂၅

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအိုဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပူတာအိုမြို့သို့ရောက် ရှိပြီးပူတာအို၌ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းများနှင့်တွေ့ဆုံပွဲကျင်းပပြီး ရဝမ်းအမျိုးသားဥယျာဉ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပူတာအိုမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိပြီး လေဆိပ်ပရဝုဏ်အတွင်း/ အပြင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လေဆိပ်အဆောက်အဦများ ဆေးသုတ်နိုင်ရေးနှင့် လေဆိပ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေ ရေး၊ အရိပ်ရအပင်များ၊ အလှပန်းပင်များဖြင့် လှပစွာပြင်ဆင်ဆောင်ရွက်နိုင်ရေးတို့အတွက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိ သူများအားမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့၊ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းများနှင့် တွေ့ဆုံပွဲကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အစီအစဉ်များရေးဆွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပူတာအိုလွင်ပြင်ဒေသအား ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အပြင် ပူတာအိုဒေသတွင်း ဆန်ရိက္ခာဖူလုံ ရေးအတွက် စိုက်ဧကများ တိုးချဲ့ဖော်ထုတ်နိုင်ရေးနှင့် သီးထပ်သီးနှံများ နည်းစနစ်ကျ စိုက်ပျိုး နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အလားတူ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ကြပ်မတ်ဆောင်ရွက်သွားရေးနှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံအားလုံး က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဝန်ကြီးဌာန၏လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြော ကြားပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဌာနအလိုက် ပူတာအိုဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အသီးသီးရှင်းလင်း တင်ပြကြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က ဒေသဆိုင်ရာအချက်အလက်များကိုရှင်းလင်း တင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဘာသာရေးအသင်းခေါင်းဆောင်များနှင့် လူမှုကူညီ ရေးအသင်းတာဝန်ရှိသူများက ခရိုင်အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင် ရွက်နေမှုများနှင့် လိုအပ်ချက်များကို တင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ပူတာအိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စုစုပေါင်းငွေကျပ် (၇၂)သိန်း တန်ဖိုးရှိ လူနှစ်ယောက်အသုံးပြုနိုင်သည့် Oxygen Concentrator ()လုံး၊ ဘာသာရေး အသင်းအဖွဲ့ ၁၃ ဖွဲ့တို့အတွက် ဆန်အိတ် ၁၃ အိတ်၊ လူမှုကူညီရေးအသင်းအဖွဲ့များအတွက် ငွေကျပ် သိန်းနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများ၊ စပါးစိုက်တောင်သူများနှင့် ဇီထမ်းစစ်ရှောင်စခန်းတို့အတွက် ဓာတ်မြေသြဇာအိတ် ၅၀ တို့ကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘာသာရေးခေါင်းဆောင် များနှင့် လူမှုကူညီရေးအသင်း အဖွဲ့များ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်ရှိ ရဝမ်းအမျိုး သားဥယျာဉ်သို့ သွားရောက်ပြီး ရဝမ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ရဝမ်ရိုးရာယဉ်ကျေးမှု ကွင်းပတ်လမ်း၊ ခါကာဘိုရာဇီခန်းမ ဆောင်သွားလမ်းနှင့် ရဝမ်အမျိုးသား ပြတိုက်သွားလမ်းများ ခင်းကျင်းဆောင်ရွက်နိုင်ရေး၊ မြေယာရှုခင်းနှင့် အလှပန်းပင်များ စိုက်ပျိူးနိုင်ရေးနှင့် ပြတိုက်အတွင်း ရဝမ်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများ၊ ဂီတတူရိယာပစ္စည်းများ၊ ဝတ်စားဆင်ယဉ်မှုများ ခင်းကျင်းပြသ ထားမှုကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြပြီး ပြတိုက်အတွင်း အခင်းအကျင်းများအပေါ် ပညာရှင်များ၏ အကြံပြုချက်အတိုင်း အများပြည်သူစိတ်ဝင်စားမှုရှိစေရေး ပြင်ဆင်ခင်းကျင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။