မော်လမြိုင် အောက်တိုဘာ ၂၅
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းသွားရန်အတွက် အသိပညာပေး နှိုးဆော်ခြင်း ယနေ့နံနက်ပိုင်း ကမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များမှ လမ်းမကြီး၊ လမ်းသွယ်များနှင့်လူအဝင်အထွက်များသည့်နေရာတို့၌ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးသည်။
အသိပေးနှိုးဆော်ချက်တွင် ကိုဗစ်-၁၉ရောဂါကို ဆက်လက်ထိန်းချူပ်နိုင်ရန် လိုအပ်ပါသဖြင့် လက်ရှိအနေအထားအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ပြည်သူလူထု အတွင်းစီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများ၌ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို ပြန်လည်ရရှိ စေနိုင်ရန်အတွက်မိဘပြည်သူများ အနေဖြင့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကာကွယ်ရေးလမ်းညွှန်ချက်များကို တိကျစွာလိုက်နာခြင်းဖြင့် အသိပညာပေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြပါရန်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်