မုဒုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်

 

မုဒုံ     အောက်တိုဘာ     ၂၅

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင်   ကိုဗစ်-၁၉ရောဂါ လျင်မြန်ထိရောက်စွာ  ဟန့်တားနိုင်ရေး ရောဂါကူးစက်မှု နှုန်းလျော့ကျရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကိုမွန်/ မြန်မာ နှစ်ဘာသာဖြင့် ယနေ့နံနက်ပိုင်းကမုဒုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင် များပူးပေါင်း၍  မြို့တွင်းလူစည်ကားသည့်  နေရာများနှင့် ဈေးများတို့တွင် လိုက်လံနှိုးဆော်​ပေးသည်။

 

အသိပေးနှိုးဆော်ချက်တွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်၊နှာခေါင်း စည်း(Mask)နှင့် မျက်နှာအကာ Face Shieldကို စနစ်တကျတပ်ဆင်သွားကြရန်၊   အရာဝတ္တု တစ်ခုခု ကို ကိုင်တွယ်ပြီးတိုင်း၊ အပြင်မှ  ပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်   (၂၀)ကြာအောင် ဆေးကြောရန်၊ လူစု၊လူဝေး ရှောင်ကြဉ်ကြရန်၊ ပါးစပ်၊နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိဘဲဈေးရောင်း၊ စျေးဝယ်  မပြုလုပ်ကြရန်၊      ကိုဗစ်-၁၉ ကာကွယ်ဆေးကို   မပျက်မကွက် ထိုးနှံပေးကြရန်စသည့်  ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားသည့် ကာကွယ်ရေးစည်း ကမ်းချက် အတိုင်းလိုက်နာခြင်း  ဖြင့်ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန် အသိပညာပေး လုပ်ငန်းများ ကို အသံချဲ့စက်ဖြင့် နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)