မောင်တော အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား အောက်တိုဘာ ၂၄ ရက် နံနက် ၉နာရီ အချိန် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ် ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့် နေစဉ် မီးလောင်မှု၊ မီးလန့် မှု များ၊ မဖြစ်ပွားစေရန် နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်း ချက်များ နှင့် ကိုက်ညီမှု ရှိမရှိ ၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိ အသုံးပြုတတ် စေရေး ၊ စက်သုံး ဆီဆိုင် များတွင် ပြည်သူများ သိရှိစေရေး အတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်ဘုတ်များ ထားရှိ စေရေး တို့ကို အကြုံ ပြု ကွင်းဆင်း စစ်ဆေးခဲ့ ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)