ရွှေတောင်မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်း Mask တပ်ဆင်သွားလာစေရန် ယနေ့ နံနက်(၇)နာရီအချိန်က လူစည် ကားရာ ရွှေတောင်မြို့မဈေးကြီးအနီး လမ်းမတွင် ပုံမှန်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။