သတင်းများ

မချမ်းဘော့မြို့၌ ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဆီမီးများထွန်းညှိပူဇော်ခြင်းနှင့် ၀တ္တု‌ငွေများ လှူဒါန်း
Oct 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကောင်းမှုလုံစေတီတော်မြတ်ကြီး ဆီမီးများထွန်းညှိ ပူဇော်ခြင်းနှင့် ၀တ္တုငွေများ‌လှူဒါန်းခြင်းကို ယမန်နေ့ည ၆ နာရီ၌ဆောင်ရွက်ခဲ့သည်။
ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးအား ဒုတိယအသုတ် (ဒုတိယအကြိမ်) ထိုးနှံပေး
Oct 22,2021
ကျိုက်ထို မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များမှ ကြီး ကြပ်၍ မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာ ခွန်မောင်အိုးနှင့် ကျန်း မာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပါင်းကာ ကိုဗစ်-၁၉ ကာ ကွယ်ဆေးအား ဒုတိယအသုတ် (ဒုတိယအကြိမ်) ထိုးနှံမှုကိုစုရပ်များ ဖြစ်သော မြို့နယ်ခန်းမ၊ သိမ်ဇရပ်မြို့၊ ကျူချောင်ကျေးရွာ၊ ဘိုရားကြီးကျေးရွာ၊ ကျိုက္ကသာကျေးရွာ၊ စစ်တောင်း ကျေးရွာ၊ ကင်မွန်းချောင်းကျေးရွာတို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်နံနက် ၉ နာရီမှ စတင်ပြီး ထိုးနှံပေးလျက်ရှိသည်။
အများပြည်သူကျန်းမာရေး အကျိုးပြုမည့် ဘိုကလေးအောက်ဆီဂျင်စက် စတင်စမ်းသပ် ထုတ်လုပ်
Oct 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှ ကြီးမှူးကာ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မတည်အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် အများပြည်သူစုပေါင်းလှူဒါန်းငွေများဖြင့် ယခုနှစ် ဩဂုတ်လမှစတင်၍ ဘိုကလေးမြို့နယ်၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအနီး၌ အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်ခဲ့ရာ အများပြည်သူ ကျန်းမာရေးအတွက် အကျိုးပြုမည့် အောက်ဆီဂျင် များကို ယနေ့မှစတင်၍ စမ်းသပ်ထုတ်လုပ်နိုင်ပြီဖြစ်သည်။
လဲချားမြို့၌ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Oct 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ အသက်(၁၈) နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရ‌သေးသည့် ပြည်သူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတွင် ထိုးနှံပေးခဲ့သည်။
လဲချားမြို့နယ်တွင်  "ပန်းခင်း" စီမံချက် လက်ကမ်းစာစောင်ဖြန့်ဝေ
Oct 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် “ပန်းခင်း” စီမံချက် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၈) နာရီ အချိန်က မြို့မစျေး၊ ပျံကျစျေး တို့တွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
မန်ကန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်
Oct 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မန်ကန်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များပူးပေါင်း၍ မြို့တွင်း ရပ်ကွက် များနှင့် လူသွားလူလာများသည့် နေရာများတွင် ယနေ့ နံနက် ၉:၀၀ နာရီအချိန်က အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
မလှိုင်မြို့နယ် ပြန်/ဆက်ရုံး၌ နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Oct 22,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီ အချိန်က မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Oct 22,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။