မိုင်းယန်းမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေး ပေးလျက်ရှိ

မိုင်းယန်း    အောက်တိုဘာ    ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား RDT Tesk Kit  ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများက အခမဲ့စစ်ဆေးပေးခဲ့သည်။

ထိုသို့ သွားရောက်စစ်ဆေးပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ် (၁) ဦးကျော်သက်ပိုင်နှင့် ဝန်ထမ်းများက မိုင်းယန်းမြို့ ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူ အမျိုးသား (၂၀)ဦး နှင့် အမျိုးသမီး (၂၅) ဦး တို့အား RDT Tesk Kit  ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ရာ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၆)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ အောက်တိုဘာ ၂၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၂၉)ဦး တွေ့ရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်၍ နေအိမ်သို့ ပြန်လည် စေလွှတ်သူ (၁၀၉) ဦး ရှိကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)