ဒဂုံ အောက်တိုဘာ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၌ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများအား ဘုရားတန်ဆောင်းများတွင် ဆီမီးပူဇော်ခြင်း ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း ဓမ္မာစကြာရွတ်ဖတ်ပူဇော်သူများဖြင့် ဘုရားရင်ပြင်ပေါ်တွင် များပြားစည်ကား လျက်ရှိပါကြောင်း သိရပါသည်။
ထိုသို့ ဘုရားဖူးလာပြည်သူများအား ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် သက်ကြီးရွယ်အိုဘိုးဘွားများအား အေးချမ်းစွာ ဖူးမြော်နိုင်စေရန် ဒဂုံမြို့နယ်ရှိ စည်ပင်သာယာရေးဝန်ထမ်းများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
ဒဂုံမြို့နယ် (ပြန်/ဆက်)