သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အဘိဓမ္မာအခါတော်နေ့တွင် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ဘုရား စေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြားလျက်ရှိ

ကျောက်ပန်းတောင်း   အောက်တိုဘာ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) ဖြစ်သည့် အောက်တိုဘာ (၂၀) ရက်နေ့တွင် နံနက်ပိုင်းမှစတင်၍ ရပ်ကွက်ဓမ္မာရုံ ဘုရားပွဲများ၊ ကျေးရွာဘုရားပွဲများသို့ သွားလာကြသူများ ဖြင့်စည်ကားခဲ့ပြီး၊ မြို့ပေါ်ရှိ ဘုရားပုထိုး စေတီများတွင်လည်း နံနက်ပိုင်းမှ ညဦးပိုင်းအထိ ပန်း၊ ရေချမ်း၊ ဆီမီးလာရောက် ကပ်လှူ ပူဇော်ကြသည့် ဘုရားဖူးပြည်သူများ ဖြင့် စည်ကားများပြားခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ မြို့ပေါ်ရပ်ကွက် များရှိ ဓမ္မာရုံ ဘုရားပွဲများနှင့် မြို့အနီးဝန်းကျင်(၄)မိုင်ခန့် အကွာရှိ စည်ပေါက်ကံကျေးရွာ မြစည်းခုံ ဘုရားပွဲတော်၊ နှစ်ကျပ်ခွဲကျေးရွာ ထီးတော်လှုပ် သိမ်တော် ဘုရားပွဲတော်များကို နှစ်စဉ် စည်ကား သိုက်မြိုက် စွာကျင်းပလေ့ရှိရာ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယမန်နှစ်က ကျင်းပနိုင်ခြင်းမရှိခဲ့ပဲ ယခု နှစ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ  စည်းကမ်းချက်များနှင့်အညီ အကျဉ်း ရုံးကျင်းပ ကြ ကြောင်းသိရသည်။ အဆိုပါ ဘုရားပွဲများသို့ သွားလာကြသူများအနေဖြင့် တစ်ဆက်တည်း မြို့ပေါ်ရှိ ဘုရားစေတီများဖြစ် သည့် မြို့ဦးအောင်စေတီဘုရား၊ မဟာစေတီကြီးဘုရား၊ မြတ်ရွှေဂူဘုရား၊ သက်တော်ရ/ သက်တော်ရှည် ဘုရား စသည့် ဘုရားစေတီများသို့ ထော်လာဂျီယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လိုက်ထရပ် ယာဉ်ငယ်များစသည်ဖြင့် အစုအဖွဲ့လိုက်၊ မိသားစု အလိုက်၊ လှည့်လည်ဘုရားဖူမျှော်၍ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော် ကပ်လှူပူဇော်ကြရာ၊ ဘုရားစေတီများတွင် ညဦးပိုင်းအထိ ဘုရားဖူးများဖြင့် စည်ကားများပြား လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)