ထားဝယ် အောက်တိုဘာ ၂၁
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ယနေ့တွင် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်သည့် အနေဖြင့် ထားဝယ်မြို့အတွင်းရှိတန်ခိုးကြီး ဘုရားများ၊ ဘုရားကျောင်းကန် စေတီပုထိုးများ၌ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ကျက်သရေဆောင်ရွှေတောင်စား စေတီတော် မြတ်ကြီး တွင် သီတင်းကျွတ်လပြည့် နေ့ထူးနေ့မြတ် အချိန်အခါသမဖြစ်သည့် အားလျော်စွာ အောက်တိုဘာ ၂၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ အပါအဝင် ဘုရားဖူးလာသူများက ဗုဒ္ဓဘာသာ ဝင်သူများပီပီ ရွှေတောင်စား စေတီတော်မြတ်ကြီးအားပန်း ၊ ရေချမ်း ၊ ဆီးမီးများ ကပ်လှူပူဇော်ကြပြီး ဘုရားကြီးတွင် ဘုရားဖူးလာသူများက အဓိဌာန်ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင်လည်း စိတ်ဝင်စားဖွယ် သမိုင်းကြောင်းများ၊ သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများ၊ ထားဝယ်မြို့ ကျက်သရေဆောင်လောကမာရဇိန်ဘုရားကြီးနှင့် ထားဝယ ဒေသအတွင်းရှိ ဘုရား၊ ပုထိုး၊ စေတီများတွင် ထင်းရှားကျော်ကြားလျက်ရှိပြီး အပန်းဖြေ နားနေစရာအဖြစ် မောင်းမကန်ကမ်းခြေ အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေများ၌လည်း စည်းကားလျက် ရှိသည်။
ရုံးပိတ်ဖြစ်သည့်အတွက် ထားဝယ်ခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ မိသားစုအလိုက် ဘုရားစေတီ ပုထိုးများ၊ အပန်းဖြေနေရာများကို သွားရောက်လည်ပတ်ကြပြီးများ ပြည်သူရုံးပိတ်ရက်များတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများတို့က မိမိအတွက် သာမက မိသားစုအတွက်ပါ တန်ဖိုးကြီးမား ကြပြီး အချို့ကလည်း မိမိတို့ကြိုတင် စီစဉ်ထားသောနေရာများ သို့ ဒေသန္တရ ဗဟုသုတများကို ရှာဖွေ ကြခဲ့ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင် (ပြန်/ဆက်)