သတင်းများ

အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် ဆောက်လုပ်လျက်ရှိသည့် RC (၃)ထပ် စာသင်ဆောင်တည် ဆောက်ရေးလုပ်ငန်း (၂၅) ရာခိုင်နှုန်းပြီးစီး
Jun 23,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပညာရေးရန်ပုံငွေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် (RC) ၃ ထပ် စာသင်ဆောင်သစ်ကို ဆောက်လုပ်လျက်ရှိရာ ယခုအခါ (၂၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)ကျောင်းအုပ်ထံမှ သိရသည်။
တွံတေးမြို့နယ်၌ ယခုနှစ်မိုးစပါးရာသီတွင် မိုးစပါးဧက ၈၁၀၃၂ စိုက်ပျိုးရန်လျာထား
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ယခုနှစ် ၂၀၂၀ မိုးရာသီတွင် မိုးစပါး စိုက်ပျိုးရန် ဧက ၈၁၀၃၂ လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရ သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ လမ်းဆုံ၌ နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် Mask camping အနေဖြင့် နာဂဒေသ‌စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ကျန်းမာရေးဌာန ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်မှ (၁၀) နာရီထိ လဟယ်မြို့ လဟလမ်းဆုံ၌ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ ခဲ့ဆောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသော ဆရာဆရာမများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ဆရာ/ဆရာမများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရာဂါကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာတားဆီး ကာကွယ်နိုင်ရေး မြို့အဝင်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်
Jun 23,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပြန်လည် မြင့်မားလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး မြို့အဝင်စစ်ဆေးရေးဂိတ်များ ဇွန် ၂၂ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်စစ်ဆေးနေကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
၂၀၂၁ခုနှစ် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈နာရီက လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိကြီးကြပ်မှုဖြင့် ခရိုင်ရုံး ဝန်ထမ်းများက လင်းခေးမြို့ရှိဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လင်းခေးတွင် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ
Jun 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူး၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ မွန်းလွဲ ၄ နာရီက လင်းခေးမြို့၊ ပုန်းထွန်ကျေးရွာအုပ်စု စိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။