သတင်းများ

ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲအတွက် အရေးပေါ်လူနာတင်ယာဉ်တစ်စီး ပေးအပ် လှူဒါန်း
Oct 21,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲအတွက် ဦးအပ်ကြာ ဦးဆောင်သည့် အလှူရှင် (၁၈) ဦးမှ အရေးပေါ် လူနာတင်ယာဉ်တစ်စီး လှူဒါန်းသည့် အခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀) အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သာကေတမြို့နယ် ဆုတောင်းပြည့် မြစေတီတွင် သီတင်းကျွတ် ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်
Oct 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ၄/ မြောက်ရပ်ကွက်၊ အောင်ဇေယျ လမ်းမကြီးရှိ သဗ္ဗမင်္ဂလသာ သနာ့ဗိမာန်တော်ဝင်းအတွင်း တည်ထားကိုးကွယ်ထားရှိသည့် ဆုတောင်းပြည့် မြစေတီတွင် သဗ္ဗမင်္ဂလာသာသနာ့ဗိမာန် အကျိုးတော်ဆောင်များမှ ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သီတင်းကျွတ်ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ပွဲကို သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်များတွင် ညနေ (၅:၀၀) နာရီမှ ည (၈:၀၀) နာရီအထိ ထွန်းညှိပူဇော်ခဲ့ကြသည်။
မြင်းမူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် အလယ်တန်း/အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၇၃၉၁)ယောက်အား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည်
Oct 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာလ(၂၃)ရက်နေ့နှင့် (၂၄)ရက်နေ့များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ငါ့သရောက်မြို့တွင် မိုးရွာသွန်းမှု ကောင်းမွန်၍ မြေပဲအထွက်ကောင်းပြီး ဈေးကောင်းရရှိသဖြင့် တောင်သူများ အဆင်ပြေ
Oct 21,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ယခုနှစ် မိုးရွာသွန်းမှုကောင်းမွန်သဖြင့် တောင်သူများ အားထားစိုက်ပျိုးသည့် ပင်ထောင်မြေပဲခင်းများ အောင်မြင်ဖြစ်ထွန်းပြီး၊ သီနှံအထွက်နှုန်းကောင်းသလို ဈေးကောင်းလည်းရရှိ သည့်အတွက် တောင်သူများ အဆင်ပြေကြကြောင်း ဆည်ကျေးရွာရှိ မြေပဲစိုက်တောင်သူ တစ်များထံမှ သိရသည်။
ပေါင်မြို့နယ်၌ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ (၁၆၅၈)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီး
Oct 21,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရေးအတွက် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက အ.ထ.က(ပေါင်)ကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၌ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၃၀၈၄ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီး
Oct 21,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် ၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၃၀၈၄ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်
Oct 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းလာ စေရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ရည်ရွယ်၍ အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်း ကို တာဝန်ရှိသူများက အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး
Oct 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက စတင်ပြီး အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။