ပုဗ္ဗသီရိ အောက်တိုဘာ၂၀
သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဘုရားဖူးများနှင့် စည်ကား သိုက်မြိုက်လျှက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာဖြစ်ပွားနေချိန်တွင် စေတီတော်မြတ်ကြီးအား ယာယီပိတ်ထားခဲ့သော်လည်း စက်တင်ဘာလမှစတင်၍ နေ့စဉ် နံနက် ၆ နာရီမှ ၁၁ နာရီအထိလည်းကောင်း၊ နေ့လည် ၁ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင်လှစ်ပေးလျှက်ရှိသည်။
ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာအခါတော်နေ့)က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဆီမီးပူဇော်ပွဲကို ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်းများက ထွန်းညှိပူဇော်ဆက်ကပ်ခဲ့ရာ ဘုရားဖူးများကလည်း ဖူးမျှော်ကြည်ညိုခဲ့ကြကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)