ဝက်လက် အောက်တိုဘာ ၂၁
မေး။ ညီမရဲ့ အမည်၊ နေရပ်လိပ်စာလေး ၊ သိပါရစေ။
ဖြေ။ ညီမ အမည်က ဒေါ်အိတိုး ဖြစ်ပါတယ် ၊ ဝက်လက်မြို့ အမှတ် ၃ နယ်မြေ ၊ ရွှေအိုးတွင်း ရပ်ကွက်မှာ နေပါတယ်ရှင့်။
မေး။ ညီမ အခု အသက် ၁၂ နှစ် အထက် ၊ ကျောင်းသား ၊ ကျောင်းသူလေးတွေကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးတဲ့နေရာမှာ ရောက်ရှိနေတော့ ညီမကက ကလေး ဘယ်နှစ်ယောက်ရှိလဲ ၊ ရှိတယ်ဆိုရင် ပညာသင်ကြားနေတဲ့ ကျောင်း ၊ အတန်း ၊ အသက် တို့ကို ပြောပြပေးပါလား။
ဖြေ။ ကျမမှာ သား နှစ်ယောက်ရှိပါတယ်၊ သူတို့ ဝက်လက်မြို့ အခြေခံပညာ အထက်တန်း ကျောင်းကပါ၊ သားကြီး မောင်လင်းလင်းထွန်း က ၁၆ နှစ်၊ ဒဿမတန်းပါ၊ သားငယ် မောင်တေဇထွန်း က အသက် ၁၄ နှစ် အဋ္ဌမတန်းကပ၊ ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးတဲ့ နေရာမှာ မိဘ၊ အုပ်ထိန်းသူ ထောက်ခံချက်ပါရမယ် ဆိုလို့ လိုက်လာတာပါ။
မေး။ အခုလို ကျောင်းသား၊ ကျောင်းသူ လေးတွေ ကိုဗစ် ကာကွယ်ဆေး ထိုးနှံ ပေးနေမှုအပေါ် ညီမရဲ့ အမြင်လေးကို ပြောပြပေးပါလား။
ဖြေ။ အခုလို ကျောင်းသားလူငယ်ကလေးတွေကို ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ရောဂါ ဖြစ်မှ ကုသခြင်းထက်၊ မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်တဲ့အတွက် ကလေးတွေအားလုံး ကာကွယ်ဆေး ထိုးသင့်ပါတယ်၊ အခုလို ကာကွယ်ဆေး ထိုးနှံ ထားတဲ့ အတွက် ကျောင်းတွေ ပြန်ဖွင့်လို့ ကျောင်းပြန်တက်တဲ့ အချိန်မှာ ရောဂါကင်းဝေးပြီး အေးချမ်းစွာ ပညာသင်ကြားနိုင်မှာ ဖြစ်တယ် ၊ တကယ်လို့များ ရောဂါကူးစက် ခံရရင်လည်း ရောဂါဒဏ် ခံနိုင်ရည် ရှိတယ်လို့ ကျမ လက်တွေ့ ကြားသိနေရလို့ စိတ်မပူ ရတော့ဘူး။
မေး။ ညီမရေ အခု ကလေးတွေကို ကာကွယ်ဆေး ထိုးနှံပေးတဲ့နေရာမှာ မိခင် တစ်ဦးအနေနဲ့ ဘယ်လိုများ ပူးပေါင်းပါဝင်ဆောင်ရွက်ပါသလဲရှင့်။
ဖြေ။ ကျောင်းသားမိခင်တစ်ဦးဖြစ်တော့ ကလေးတွေက ဆေးထိုမယ်ဆိုတော့ ကြောက် တတ်တဲ့ သူတွေလေ ဒါပေမယ့်လည်း သူတို့ရှေ့မှာ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ ဝေဒနာ ခံစားရတာတွေ သူတို့လည်း တွေ့မြင်နေတဲ့အတွက် သူတို့ကို ကာကွယ်ဆေး ထိုးရမယ်လို့ ပြောပြပေးပါတယ်၊ မေမေတို့လည်း ကာကွယ်ဆေး ထိုးထားတယ် သားတို့လည်း ထိုရမယ်လို့ ပြောပြပေးထားတယ်၊ အခု ကာကွယ်ဆေးထိုးပြီးရင် တကယ်လို့များ ရောဂါ ကူးစက်ခဲ့ရင် ၊ ကူးစက်မှုကို ထိန်းချုပ်နိုင်မယ် ၊ ကာကွယ်ဆေးထိုးထားရင် ၊ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ပြောပြတယ် ၊ ကျောင်းသား နှစ်ဦးရဲ့ မိခင်ဆိုတော့ တတ်နိုင်သလောက် စည်းရုံးပြောကာ ယခုလို ကာကွယ်ဆေး လာရောက် ထိုးနှံတာပါ အမ။
မေး။ အခု ကျောင်းသား/ကျောင်းသူလေးတွေ ကာကွယ်ဆေး ထိုနေကြတာ ညီမအနေနဲ့ ကိုယ်တိုင်တွေ့မြင်နေရတော့ ညီမရဲ့ ပီတိစကားသံလေး ကျေးဇူးပြုပြီး ပြောပြပေးပါလား။
ဖြေ။ ကလေးတွေ ကာကွယ်ဆေး ထိုးနေကြတာမြင်ရတော့ ပြောမပြတတ်လောက်အောင်ကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ပထမဦးဆုံး အနေနဲ့ အသက်မသေတော့ဘူးလေ လေကို ရှူမှ အသက်ရှင်တဲ့ လူသားတစ်ယောက်အနေနဲ့ လေထုမှတစ်ဆင့် ရောဂါကူးစက်ခံရမှာ မစိုးရိမ်ရ တော့ဘူးလေ ကလေးတွေ ကာကွယ်ဆေး ထိုးထားတော့ လူကြီးတွေ စိတ်ချမ်းသာတယ်၊ ကာကွယ်ဆေးထိုးပြီး မကြာခင်မှာ ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတဲ့ အသံကိုလည်း ကြားရတော့ ၊ ကျောင်းသား/ကျောင်းသူ ကလေးတွေ ၊ ကျန်းမာ ပျော်ရွှင်စွာ စာသင်နေတဲ့ အသံ ကြားရတော့မှာဖြစ်တဲ့အတွက် မိခင်တစ်ဦးအနေနဲ့ စိုးရိမ်ကြောင့်ကြမှု မရှိဘဲ ပညာသင်နိုင်ရေး အတွက် သားနှစ်ယောက်ကို ကာကွယ်ဆေး လာရောက်ထိုးတာပါ။
တွေ့ဆုံမေးမြန်သူ - စိုးစိုးလှိုင်(ဝက်လက်)