ပင်းတယမြို့နယ်တွင် လူဦးရေ စုစုပေါင်း (၂၆၅၉၇) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီး
Oct 26,2021
ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်မှုများလျော့ကျလာစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီများဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်များ၊ ကျေးလက် ဒေသများပါမကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ယနေ့ နံနက် (၉)နာရီက ရဟန်း သံဃာ တော်များ၊ သက်ကြီးရွယ်အိုများ၊ အသက် (၁၈) နှစ်ပြည့်ပြီးသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဒုတိယအသုတ်အား စတုထ္ထနေ့ အဖြစ်၊ ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။