ပင်းတယ အောက်တိုဘာ ၂၆
ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်မှုများလျော့ကျလာစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီများဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်များ၊ ကျေးလက် ဒေသများပါမကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ယနေ့ နံနက် (၉)နာရီက ရဟန်း သံဃာ တော်များ၊ သက်ကြီးရွယ်အိုများ၊ အသက် (၁၈) နှစ်ပြည့်ပြီးသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဒုတိယအသုတ်အား စတုထ္ထနေ့ အဖြစ်၊ ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှုကို ပင်းတယမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပင်းတယမြို့နယ် အတွင်း ကာကွယ်ဆေးထိုးနှံပြီးသူ ယနေ့အထိ စုစုပေါင်းလူဦးရေ (၂၆၅၉၇) ဦးခန့် ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပင်းတယ (ဒေသ ပြန်/ ဆက်)