မော်လမြိုင်ကျွန်းမြို့နယ်၊ ဘုရားချောင်းတံခွန်တိုင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ‌‌ ဆောင်ရွက်ပေးလျက်ရှိ

မော်လမြိုင်ကျွန်း အောက်တိုဘာ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘုရားချောင်းတံခွန်တိုင် ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်နိုင်နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက် ၁၀နှစ်အထက်နှင့် အသက် ၁၈ နှစ်အထက် ၃ (က) (၂၇) ဦး၊ ၆ (က) (၂၃) ဦး၊ လဲလှယ် (၂၅) ဦး၊ မိတ္တူ (၂၄) ဦး၊ စုစုပေါင်း (၉၉) ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ‌ထုတ်ပေးခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို မြို့ပေါ်/ကျေးရွာအုပ်စု (၁၂၁) အုပ်စုအတွင်မှ (၅၄) အုပ်စု ကွင်းဆင်းပြီးစီး၍  နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးထားနိုင်ခဲ့ပြီး ကျန်ရှိနေသည့်‌ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်အောင်