သာစည် အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ ၈၅၅၀ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးစီးကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ လူမှုရေးအသင်းအဖွဲ့များက သတ်မှတ်ဆေးထိုးစုရပ်များ၌ အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာလ ၂၅ရက်နေ့အထိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ အထက်တန်းဆင့် ၂၂၁၂ ဦး၊ အလယ်တန်းဆင့် ၆၃၅၂ ဦး၊ စုစုပေါင်း ၈၅၅၀ ဦး ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
သာစည်မြို့နယ်တွင် အခြေခံပညာကျောင်း ၉၃ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်း နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်း၊ စုစုပေါင်း ၉၅ ကျောင်းတို့မှ အသက် ၁၂ နှစ်နှင့်အထက် အထက်တန်းနှင့် အလယ်တန်းကျောင်းသား/သူ ၁၃၄၈၄ ဦးတို့အား သတ်မှတ်ရက်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)