သတင်းများ

ထီးချိုင့်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Oct 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို လျော့ချနိုင်ရေးအတွက် အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား ယနေ့နံနက် (၉)နာရီအချိန် က အခြေခံပညာအထက်တန်းကျောင်း အတွင်းရှိ သခင်မြမောင်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
အရှည်ပေ (၁၈၃၂) ရှိ ရပ်ကွက်ခြင်းဆက် ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းခင်းခြင်း ပြီးစီးပြီ ဖြစ်
Oct 28,2021
လားရှိုးမြို့ ရပ်ကွက်(၁) နယ်မြေ(၈)ရှိ ပြည်ထောင်စုလမ်းမကြီးနှင့် မန္တလေးလမ်း ဆက်သွယ် ထားသော ရပ်ကွက်ခြင်းဆက်လမ်းပိုင်း အား ယနေ့တွင် ကိုယ်ထူကိုယ်ထ ကတ္တရာလမ်း ခင်းပြီးကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၆၁၁ ဦး ရှိပြီဖြစ်
Oct 28,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၃ ရက်မှစတင်ပြီး အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ကြရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး ဆေးကုသမှုခံယူသည့် လူနာများမှ အောက်တိုဘာလ ၂၇ရက်အထိ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူဦးရေ ၆၁၁ ဦးရှိပြီဖြစ်ကြောင်း ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်း ထံက သိရသည်။
ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များဖြင့် ခရီးသည်များ သယ်ယူပို့ဆောင်ပေးနေသည့် ကူးတို့ဆိပ်များ၌ ခရီးသည်သွားလာမှု ပုံမှန်ဖြစ်လာ
Oct 28,2021
ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များစွာဖြင့် ခရီးသည်များ သယ်ယူပို့ဆောင်ပေးနေသည့် ဒလမြို့နယ် အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ်များ၌ ယခင်က ခရီးသည်သွားလာမှုမှာ ၄ ပုံ ၁ ပုံခန့်သာ သွားလာမှုရှိခဲ့ပြီး၊ ယခုအခါ ၃ ပုံ ၂ ပုံ ခန့် ခရီးသည်သွားလာမှု များလာခဲ့ရာ ခရီးသည်များ ပုံမှန်သွားလာနေပြီဖြစ်ကြောင်း မြို့နယ်စက်တပ် သမ္ဗန်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သုံးခွမြို့နယ်သို့ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ စသည့် စားသောက် ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့် ဈေးကားများဖြင့် လာ‌ရောက်လှည့်လည်ရောင်းချ
Oct 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်ကာလအတွင်း စား၀တ်နေရေးအစဉ်ပြေစေရန် ဆန်၊ ဆီ၊ စသည့်စားသောက်ကုန် ပစ္စည်းများကို ဈေးကားများဖြင့် ယနေ့နံနက် ၈ နာရီခွဲ အချိန်က သုံးခွ မြို့မဈေးအနောက်ဘက်၌ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား တတိယအသုတ်၊ ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ
Oct 28,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (mask) များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးနှိုးဆော်
Oct 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြိုတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မက်မန်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ မြို့‌ပေါ်ရပ်ကွက်များနှင့် လူသွားလူလာများသည့် နေရာများတွင် ယမန်​ နေ့ညနေ ၄ နာရီအချိန်က အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (mask) ဖြန့်ဝေမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့မှူး၌ ဆန်၊ ဆီနှင့် အမဲသား၊ ဆိတ်သားများ ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေး
Oct 28,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစားသောက် ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် အမဲသား၊ ဆိတ်သားများအား ဈေးနှုန်းသက်သာစွာ ဖြင့်လာ‌ ရောက်ရောင်းချပေးနေကြောင်း သိရသည်။