သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးထိခိုက်ခံခဲ့ရသည့် နေအိမ်များအား ထောက်ပံ့ငွေပေးအပ်
Oct 23,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အောက်တိုဘာလ (၁၅)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာသုံးရွာမှ အိမ်ထောင်စုများ အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လည်(၁)နာရီက အနောက်ကံတွင်းကျေးရွာ ဓမ္မမေဒနီ ဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ ဝါးခယ်မမြို့နယ် ကျွန်းကုန်းတံတားသို့ ကွင်းဆင်းစစ်ဆေး
Oct 23,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျွန်းကုန်းကျေးရွာ အုပ်စု/ကျေးရွာ၊ ကျွန်းကုန်းတံတား တည်ဆောက်ရေးစီမံကိန်းသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ (၁:၅၀)က တံတားတည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှူ့စစ်ဆေးခဲ့ကြောင်း သိရသည်။
 ချင်းပြည်နယ်၊ ယဉ်ကျေးမှုပြတိုက်အတွက် ချင်းရိုးရာပစ္စည်းများလှူဒါန်း
Oct 23,2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဟားခါးဌာနခွဲရှိ ချင်းပြည်နယ်ယဉ်ကျေးမှုပြတိုက်အတွက် ချင်းပြည်နယ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်မှ လှူဒါန်းသည့် ချင်းရိုးရာပစ္စည်းများ လှူဒါန်း/လက်ခံခြင်းကို ယမန့်နေ့ညနေ ၁ နာရီခွဲက ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည်။
အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသူ/ကျောင်းသားများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ 
Oct 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း (အ.ထ.က.ခွဲ ) မြို့မ ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံခြင်းကို ကာကွယ်ဆေးအဖွဲ့ခေါင်းဆောင် ဒေါ်အေးအေးမူနှင့်၊ ဆေးထိုးအဖွဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာပြည့်ဖြိုးသွင်တို့ ဦးဆောင်ကာ ပုသိမ်မြို့ရှိ အမှတ်(၁) အလက(ထ.ခွဲ)ကျောင်းနှင့် အထက(၄) ကျောင်းမှ ကျောင်းသား/သူ ၂၀၀ ဦးကို ယနေ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပသည်။
ကျိုင်းတုံမြို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက် နေသူများအား ဂုဏ်ပြုထောက်ပံ့
Oct 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူများကို တိုင်းရင်းသားပေါင်းစုံ လူမှုကူညီရေးအသင်း (ကျိုင်းတုံ) က ဂုဏ်ပြုထောက်ပံ့ခြင်းကို ကျိုင်းတုံမြို့ အမှတ် (၄) ရပ်ကွက်၊ လွိုင်မွေခန်းမတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ (၃)သုတ်ခွဲ၍ ပြုလုပ်သည်။
သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 22,2021
ရှမ်းပြည်နယ် ( မြောက်ပိုင်း)  ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်မြို့တော်ခန်းမ စုရပ်နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသော အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) တတိယအသုတ်(ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မုံရွာ၌ ကိုဗစ်-၁၉‌ရောဂါ ပိုးရှိ/မရှိ ကွင်းဆင်းစစ်‌ဆေးပြီး စျေးရောင်းချသူ (၈၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုနှံပေး
Oct 22,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးမှူး၏ စီစဉ်မှုဖြင့် ဒုတိယမြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက မုံရွာမြို့ကန်သာဦးရပ်ကွက်၊ ကန်သာယာဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူ(၁၂၇)ဦးအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ RDT(TestKit)ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး ဓာတ်ခွဲအဖြေ (Negative)ထွက် ရှိခဲ့ကြောင်း သိရသည်။