ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ဘူတာ(၃)လမ်းစျေးရှိ စျေးဝယ်သူ ပြည်သူများနှင့် ပဲခူး-ရန်ကုန် ကားလမ်းပေါ်ရှိ ခရီးသွားပြည်သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်ကို ဖြန့်ဝေကြောင်း သိရသည်။