အထက်မင်းလှ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ် ထားသည့် ဆေးထိုးစုရပ်များ၌ ဆက်လက် ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးနှံပေးပြီး၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက် လျက်ရှိရာ ဆေးထိုးစုရပ်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို အောက်တိုဘာ ၉ ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ အောက်တိုဘာ ၂၅ ရက်နေ့အထိ ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၁၂၁၃၃ ဦးရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)