တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ

တံတားဦး   အောက်တိုဘာ  ၂၆

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့  အမှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမာန်၊ တံတားဦးမြို့နယ် တိုက်နယ်ဆေးရုံနှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနတို့တွင် စုရပ်အဖြစ်သတ်မှတ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ်အထက် ပြည်သူများ ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ရှင်ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက  တတိယအကြိမ် (ဒုတိယအသုတ်)ကို ထိုးနှံပေး လျက်ရှိကြောင်းသိရသည် ။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့်  မြို့နယ်ကျန်းရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း၍ တံတားဦးမြို့နယ်အတွင်းရှိ ကာကွယ်ဆေး လာရောက်ထိုးနှံ သည့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေခြင်း၊ ဆေးမထိုးရအုပ်စု မှန်မမှန်စိစစ်ပြီး ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေး၏ဘေးထွက် ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက  အရေးပေါ်တုန့်ပြန်နိုင်ရန် အတွက် မိနစ်(၃၀)ခန့် အကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပေးကြသည် ။

တံတားဦးမြို့နယ်အနေဖြင့် ယနေ့ထိုးနှံပေးသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm) အမျိုးအစားဖြစ်ကြောင်း အဆိုပါကာကွယ်ဆေး ဒုတိယအကြိမ်ကို ယနေ့မှစတင်၍ မြို့ပေါ်ရပ်ကွက် အမှတ်(၁/၂/၃)ရပ်ကွက်များများမှ အသက်(၁၈)နှစ်ထက် ပြည်သူ များနှင့် ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ တတိယအကြိမ်(ဒုတိယအသုတ်) ထိုးနှံပေးခြင်း ဖြစ်ကြောင်း မြို့နယ်ကျန်းရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးက ပြောကြား၍ သိရသည်။

ရဲတင့်(တံတားဦး)