နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှရေကျော်ကျမှုများ လျော့နည်းလာ

နတ်မောက် အောက်တိုဘာ  ၂၆

မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဆည်အောက်ရှိတောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှု များလာပြီးတမံရေပိုလွှဲမှ  ယနေ့နံနက် ()နာရီအချိန် တိုင်းထွာချက်အရ ( ဒသမ )ပေ  ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက် ရေလှောင်တမံမှ တာဝန်ခံ ထံကသိရသည်။

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် အောက်တိုဘာလ (၂၅) ရက်နေ့တွင် တမံရေပြည့်အမှတ် ( ၆၈၃ )ပေ၊ လက်ရှိရေအမှတ်(၆၈၄ ဒသမ )ပေရှိ၍ ( ဒသမ ) ပေခန့် ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက်()နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် ( ၆၈၄ ဒသမ )ပေရှိပြီး  ( ဒသမ )ပေ ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။

နတ်မောက်ရေလှောင်တမံ ရေပိုလွဲမှရေကျော်ကျမှု လျော့နည်းလာသော်လည်း တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများ သိရှိအောင် ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများ အားလုံးကြံ့ခိုင် ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း  ရေကင်းဂျူတီချကာ (၂၄) နာရီပတ်လုံး စောင့်ကြပ် ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ  တာဝန်ခံ ဦးထိန်လင်းထံမှ သိရသည်။

သင်းသင်းမြတ်