သတင်းများ

လက်ပံတန်းမြို့နယ် သခင်ဖိုးလှကြီးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူများ သွားလာရေး ကောင်းမွန်စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် သခင်ဖိုးလှကြီးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား”  လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Jun 23,2021
ပြည်သူများ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်ရည်ရွယ်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့မဈေးနှင့် သပြေကုန်း ဈေးတို့၌သွားရောက်၍  ဈေးရောင်းဈေးဝယ်ပြည်သူများအား ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြသည်။
အင်းစိန်မြို့နယ်၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရေလုပ်သားများ ပင်လယ်ပြင်မှာ ကြုံရ မည့် အခက်အခဲများကို ဖြေရှင်းနိုင်စေရန်နှင့် ပင်လယ်ပြင်မှာ တွေ့ကြုံရမည့် သဘာဝဘေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖြေရှင်းနိုင်ရန် လုပ်ငန်းခွင်အရည်အသွေးတိုးတက်လာစေရန် ရည်ရွယ်၍ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှု (Training on Basic On-job Skill for Fishermen)(2/2021)သင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Jun 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက်(၈)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်(အောက်)ကျေးရွာတွင် ကျေးလက်ဥပဒေနှင့်မြစိမ်းရောင်  စီမံကိန်း  ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်း ဆောင်ရွက်
Jun 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ   မြစိမ်းရောင်စီမံကိန်းအား   ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍     အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်    ကျေးရွာပေါင်း(၆၄)ရွာတွင်    ယူနစ်(၉၄)ယူနစ်ဖြင့်       ဆောင်ရွက် လျက်ရှိရာ   ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျေးလက်ဥပဒေနှင့်  မြစိမ်းရောင် စီမံကိန်းငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို   သံမိုးတောင်ကျေးရွာ ဘုရားကျောင်းခန်းမတွင်    ပြုလုပ်ခဲ့ကြောင်းသိ ရသည်။
တံတားဦးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဌာနဆိုင်ရာများ ၊ အခြေခံပညာကျောင်းများနှင့် လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေပေးကြောင်းသိရသည် ။
မြဝတီမြို့၌ စားသုံးသူရေးရာအကြောင်း သိကောင်းစရာ Talk show ပြုလုပ်
Jun 23,2021
ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် စားသုံးသူရေးရာအကြောင်း သိကောင်းစရာ Talk show ကို ယနေ့ နံနက် ၁၀ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။
ယင်းမာပင်မြို့တွင် COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ဖွင့်ဆောင်ရွက်
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ယနေ့ နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်အထွက်များတွင် ခရီးသွားပြည်သူများ စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။