မိုးညှင်း အောက်တိုဘာ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ (၂၁၈၂)ဦးအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာ(၂၄)ရက်နေ့မှ စတင်ကာ စုရပ်နေရာများတွင် ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာ၌ မိုးညှင်းမြို့နယ်အတွင်းရှိ မိုးညှင်း၊ ဟိုပင်နှင့် နန့်မွန်းဒေသများတွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၂၁၈၂)ဦးတို့ကို ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစား ထိုးနှံပေးပြီး ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များကပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံပေးမှုကို ပံ့ပိုးကူညီပါဝင်ဆောင်ရွက်ပေးခဲ့ရာ အဆိုပါကာကွယ်ဆေးထိုးနှံပြီးသူများကို နိုဝင်ဘာလတွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။
ဇွဲသူရအောင် (ပြန်/ဆက်)