သတင်းများ

မာန်အောင်မြို့နယ်၌ အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စုများတွင် အကျုံးဝင်သည့်ပြည်သူ(၈၂၅၅)ဦးအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်
Oct 27,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အောက်တိုဘာလ၂၃ရက်နေ့မှစတင်ကာအသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု တွင် အကျုံးဝင်သည့် (၅၅)နှစ်အထက်ရှိ သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာတော်များ၊သာသနာ့အနွယ်ဝင်သီလရှင်များ၊ မသန်စွမ်း သူများ၊ နာတာရှည်ရောဂါခံရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်းထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ကုန်စုံစျေးဆိုင်များစသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့်ဒေသခံပြည်သူများအား ဆေးထိုးစုရပ် (၈)နေရာခွဲခြား သတ်မှတ်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ရာ အောက်တိုဘာ လ၂၆ရက်နေ့ ထိကာကွယ် ဆေးထိုးနှံပြီးသူပေါင်း(၈၂၅၅)ဦးရှိပြီးဖြစ်ကြောင်းသိရသည်။
ဖောင်းပြင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ထုတ်ချေးပေးနိုင်ရေး ကျေးရွာများမှ ချေးငွေစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး
Oct 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာ ရေးနှစ် အတွက် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးနိုင်ရေး ကျေးရွာများမှ ချေး ငွေစိစစ်ရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၁၁နာရီအချိန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၌ ပြုလုပ်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို အသက် ( ၁၈) နှစ်နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Oct 27,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးများ ထိုးနှံ ပေးခြင်း ကို ယနေ့ နံနက် ( ၉) နာရီမှ စတင်ပြီး ရပ်ကွက်ကြီး ( ၁ ) ရှိ အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်း၌ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ အသီးသီးတို့တွင် မြို့ပေါ် ရပ်ကွက် နေပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိ ကြောင်းသိရ သည် ။
မိုးညှင်းမြို့၌ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်
Oct 27,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၈)ဦး ထပ်မံစစ်‌ဆေးတွေ့ရှိ ၊ အတည်ပြု လူနာပေါင်း ၂၄၇ ဦး ထိရှိလာ
Oct 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ယမန်နေ့ ညပိုင်းအချိန်က တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဓာတ်ခွဲခန်း၏အဖြေအရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၈ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဘားအံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆) လဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 27,2021
 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ဘားအံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံးခန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်
Oct 27,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရေတာရှည်မြို့နယ် ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပေး အပ်ပွဲကို ယနေ့ နံနက်ပိုင်းက နတ်​ရေတွင်း​ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ သည်။
မင်းကင်းမြို့တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကဒ်ကိုင်ကြစို့” ဆောင်ပုဒ်စိုက်ထူခြင်းနှင့် ပန်းခင်း စီမံချက် ဆောင်ရွက်လျက်ရှိ
Oct 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကဒ်ကိုင်ကြစို့” ဆောင်ပုဒ်စိုက်ထူခြင်းကို ဆုတောင်းပြည့် ဘုရားရှေ့၊ ကမ်းနားလမ်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံရှေ့ တို့တွင် ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့ကြောင်း သိရသည်။