သတင်းများ

ချင်းရွှေဟော်တွင် လားရှိုးမြို့မှ ပြန်လာသည့် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jun 23,2021
ချင်းရွှေဟော်မြို့၊    အမှတ်(၂)ရပ်ကွက်တွင်    နေထိုင်သည့်  အသက်(၂၃)နှစ်အရွယ်၊   အမျိုးသားတစ်ဉီးအား   လားရှိုးမြို့မှ ပြန်လည်ရောက်ရှိလာကြောင်း သိရ၍ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ပြီး   ကျန်းမာရေးဌာနမှ ဝန်ထမ်းများက    ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ  Rapid Test Kit စနစ်ဖြင့်  စစ်ဆေးခဲ့ရာ ဇွန်လ၂၃ ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်  စစ်ဆေးချက်အဖြေအရ Positive  ထွက်ရှိ၍  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
၂၀၂၁-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က (မြို့မ)နှင့် အ.ထ.က(ဇီးကုန်း) ကျောင်းများသို့ ယနေ့ နံနက် ၁၀ နာရီက သွားရောက် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
 ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  ယနေ့ နံနက်  ၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ရုံးပေါင်းစုံမှ ဌာနဆိုင်ရာတာဝန်ရှိသူများအား ဖြန့်ဝေပေးခဲ့သည်။
မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရန်အတွက်   Mask Campaign ဆောင်ရွက်
Jun 23,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်တားဆီးရန်အတွက် လမ်းသွား၊ လမ်းလာပြည်သူများအား Mask များ စနစ်တကျတပ်ဆင် သွားလာစေရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ Mask Campaign ကို ယနေ့ နံနက် ၆ နာရီက မြို့အဝင်စစ်ဆေးဂိတ်နှင့် ကုန်းခါးရပ်ကွက်၊ လမ်းဆုံပန်းခြံတို့၌ ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။
မင်းလှမြို့တွင် မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်း ပြည့်ပြီးစီး
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေး ရွာပေါင်း(၄၄)ကို ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ အတိုးရငွေများမှ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာ(၁၀) ရွာတွင် ဆောင်ရွက်ပေးသည့် ကျေးရွာဖွံ့ဖြိုးရေး‌လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အန္တရာယ်ကင်းရှင်း စေရေးနှင့် သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ဖြင့် စားသုံးသူများ အနေဖြင့် ရိုးရှင်းသော သတင်းအချက်များရရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန်အတွက် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်
ဆောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်
Jun 23,2021
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲကစတင်ပြီး ဆောမြို့ မြို့မအားကစားကွင်းအနီး သီရိ/ဇေယျာ ရပ်ကွက် လမ်းဆုံ၊ မြို့လယ် လမ်းဆုံဖြစ်သည့် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းထောင့်နှင့် ဆော-ဆိပ်ဖြူကားလမ်း မြို့ဝင် တံတားထိပ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။