ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉၆)ဦးထပ်မံတွေ့၍ မြို့နယ်အတွင်းပိုးတွေ့ရှိသူ ၁၃၉ ဦးရှိပြီဖြစ်
Jul 02,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ မောင်တောမြို့နယ် သို့ပြောင်း ရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့၏ မိသားစုဝင်များ ၊ အကောက်ခွန် ဝန်ထမ်းများ၊ ဖျားနာ ၊ ခေါင်း ဆိုး၊ အသက် ရှုကြပ်ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူ များ နှင့် Quantine ထားရှိသူများအား Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ (၉၆)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။