ချောင်းဆုံမြို့နယ်၌ တောင်သူ (၇၀၀) ဦးအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးပြီးဖြစ်
Jul 02,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမားများအား မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်နှင့်အညီ ချေးငွေထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကွမ်ရိုက်ကျေးရွာရှိတောင်သူ(၅၀)ဦး လယ် ဧက(၃၂၀)ဧကအတွက် ချေးငွေကျပ်သိန်း(၄၈၀)ကို အဆိုပါဘဏ်ခွဲတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။