သတင်းများ

ကျိုက်လတ်မြို့နယ်ရုံး Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
Jul 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့နေ့လယ် (၁) နာရီက စာရေးဆရာချစ်ဦးညို ရေးသားသော ''တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်း နှင့် ယဉ်ကျေးမှု မျက်နှာစာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
မြို့မ(၁)လမ်းကျန်အပိုင်း ရဲစခန်းဖြတ်လမ်းမှ ငှက်ပစ်တောင်ဘုရားကြီးလမ်းအထိ ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jul 01,2021
အများပြည်သူသွားလာရေး ပိုမိုလွယ်ကူချောမွေ့စေရန် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့မ(၁)လမ်းကျန်အပိုင်း ရဲစခန်းဖြတ်လမ်းမှ ငှက်ပစ်တောင်ဘုရားကြီးလမ်းအထိ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် အမျိုးသမီး(၂)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့အားကစားကွင်းခန်းမ Quarantine Centre တွင် ထားရှိသည့် သံသယလူနာ(၁၁)ဦးအား ယနေ့ နံနက် ၈ နာရီတွင် RDT စနစ်ဖြင့် ဆေးစစ်ခဲ့ရာ မ(၂)ဦး ပိုးတွေ့ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ခြံပြင်ကျေးရွာရှိ မူလတန်း ကျောင်းသား/သူများအတွက် သင်ထောက်ကူဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးအပ် 
Jul 01,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ခြံပြင်ကျေးရွာရှိ မူလတန်း ကျောင်းသား/သူများ အတွက် သင်ထောက်ကူဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက် များနှင့်အညီ ယမန်နေ့ညနေ ၄ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။ 
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား (၇၃၆) ဦးအား လူမှုရေးပင်စင် ထောက်ပံ့
Jul 01,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃) လပတ်အတွက် အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်း ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။ 
ဟိုပန်မြို့ဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် လူဝင်လူထွက်စစ်ဆေးခြင်းလုပ်ငန်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 01,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ကိုယ်ဗစ်-၁၉ ရောဂါပြန့်နှံ့ဖြစ်ပွားမှုမှ ကြိုတင်ကာ ကွယ်ရန်အတွက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးညီနပ်၏ လမ်းညွှန်မှု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်၏ ကြီးကြပ်မှုတို့ဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့်အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ (၂)နာရီ က ဟိုပန်မြို့ဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် လူဝင်လူထွက်စစ်ဆေးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအတွင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်  ပြုလုပ်ပေးခြင်း ကွင်းဆင်းဆောင်ရွက် 
Jul 01,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ  နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် နတ်မောက်မြို့နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မိသားစုများအား
ဘီးလင်းမြို့နယ်တွင် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Jul 01,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။