သတင်းများ

အသက်မွေးဝမ်းကျောင်း တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်
Jul 02,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ကျေးလက်ရုံး၌ကျင်းပခဲ့သည်။
ပခုက္ကူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်
Jul 02,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကွင်းဆင်းဆောင်ရွက်
Jul 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ရွှေကြာပင်ဈေးတွင် Mask Campaign ပြုလုပ်ခြင်းနှင့် ဈေးဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေး
Jul 02,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ဈေး၌ မြို့နယ်အဆင့် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက Mask Campaign ပြုလုပ်ခြင်းနှင့် ဈေးပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ပင်လုံမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုး
Jul 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)တွင် ယနေ့ နံနက် (၈)နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
မြိုင်မြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးကူး စက်ခံရသူ ( ၃၁ ) ဦးတွေ့ရှိ
Jul 01,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံ ရသူ (၃၁) ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြို့နယ် ကျန်းမာရေးဌာနတို့၏ အတည်ပြုချက်အရသိရသည်။
နေပြည်တော်ကောင်စီရင်းနှီးမြုပ်နှံမှုကော်မတီ၏(၂/၂၀၂၁)ကြိမ်မြောက်အစည်းအဝေးကျင်းပ
Jul 01,2021
နေပြည်တော်ကောင်စီ ရင်းနှီးမြုပ်နှံမှုကော်မတီ၏(၂/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင် နှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်၊ နေပြည်တော်ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပွင့်ဟန်၊  နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးဇော်မိုးအောင်နှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေတို့ တက်ရောက်ကြသည်။
မိတ္ထီလာမြို့တွင် မြစ်သားမြို့မှပြန်ရောက်လာသူအမျိုးသားတစ်ဦး နေမကောင်းဖြစ်၍ စစ်ဆေးရာမှ ကိုဗစ်၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိ
Jul 01,2021
မိတ္ထီလာမြို့တွင် မြစ်သားမြို့မှ ပြန်ရောက်လာသူ အမျိုးသားတစ်ဦး နေကောင်းမကောင်းဖြစ်၍ ယနေ့မွန်းလွဲ ၂ နာရီခန့်အချိန်က ကျန်းမာရေးဌာနသို့လာရောက်၍ ကိုဗစ်၁၉ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ ၎င်းတွင် ကိုဗစ်၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။