ယင်းမာပင် ဇူလိုင် ၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံး (မုံရွာ)၏ကွပ်ကဲမှုအောက်ရှိ ယင်းမာပင်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီသစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုးရာသီသစ်ပင်များစိုက်ပျိုးပွဲတွင် သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ သင်တန်း နည်းပြများနှင့် သင်တန်းသူများက နှစ်ရှည်သီးနှံပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ထိုသို့ စိုက်ပျိုး ရခြင်းမှာ သင်တန်းကျောင်းများရှိ ဝန်ထမ်းများ ၊ ကျောင်းသား/ကျောင်းသူ များ၊ သင်တန်းသူများ အနေဖြင့် သစ်ပင်နှင့်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓါတ်ကို ဖော်ဆောင ်ပေးရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါ မိုးရာသီသစ်ပင်များစိုက်ပျိုးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွွွံ့ဖြိုးရေးလူငယ်သင်တန်းကျောင်း (ခန္တီး၊လေရှီး၊လဟယ်၊ နန်းယွန်း၊ ကလေး၊ပင်လည်ဘူး) နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း (ယင်းမာပင်၊ပုလဲ၊ဆားလင်းကြီး၊ခန္တီး၊လေရှီး၊လဟယ်၊နန်းယွန်း၊ကလေး၊ကသာ) စုစုပေါင်း သင်တန်း ကျောင်း (၁၅) ကျောင်းတွင် ရတနာတန်းဝင် (၅၃၅)ပင် ၊ အရိပ်ရလေကာပင် (၁၃၀)ပင် ၊ နှစ်ရှည်သီးနှံပင် (၂၀၅) ပင် စုစုပေါင်း (၈၇၀) ပင် ကို တစ်ပြိုင်နက် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
စိုးမိုး(ယင်းမာပင်)