Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်
Jul 02,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်ရေး Mask campaign ကို ယနေ့နံနက် ၈နာရီအချိန် က ကော့ကရိတ်မြို့ရှိ လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်း ထည့်သွင်းခြင်းကျင်းပ
Jul 02,2021
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းအုပ်စု၊ သရက်တောကျေးရွာ တောင်သူ ဦးထွန်းထွန်းဦး၏ ကွင်းအမှတ်(၃၆၂)၊ ဦးပိုင်အမှတ်(၁၉/၂)၊ လယ်မြေဧက (၂၀)တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်ပင်)များအား ထွန်စက်ဖြင့် မောင်းနှင် ထည့်သွင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုအတွင်း၌ နှာခေါင်းစည်း (Mask) အခု (၈၅၀) ဖြန့်ဝေပေး
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုအတွင်း လမ်းဆုံလမ်းခွများ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဇူလိုင်၂ ရက်နံနက်၇ နာရီ အချိန်မှစ၍ နှာခေါင်းစည်း(Mask)များကို ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး နိုင်ရေး အတွက် ကွင်းဆင်းဆောင်ရွက်
Jul 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ တောင်ပိုင်းရပ်ကွက်၊မြသိန်းတန်ဓမ္မာရုံ၌ ယမန်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူး ရုံးမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟော်တောင်ကျေးရွာတွင် လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်
Jul 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမူစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲကို နောင်ကျောကျေးရွာအုပ်စု၊ ဟော်တောင်ကျေးရွာဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ( ၁၄ ) ဦးတွေ့ရှိ
Jul 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ညနေ (၄)နာရီအချိန်က ဟုမ္မလင်းခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိလာရောက်စစ်ဆေးခံသူ (၃၉)ဦးအား RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၁၄)ဦး ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဖုံး၊ သွန်၊ လဲစစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 02,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၈ နာရီ မြို့ပေါ် ရပ်ကွက်များဖြစ်သော လက်ကောက်ဈေး ရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ညောင်ပင်ဈေး ရပ်ကွက် တို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၄၂) ဦးထိရှိလာ
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၂) ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25259
Page
25260
Page
25261
Page
25262
Current page
25263
Page
25264
Page
25265
Page
25266
Page
25267
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department