သတင်းများ

မြောက်ဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဖုံး၊ သွန်၊ လဲစစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 02,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၈ နာရီ မြို့ပေါ် ရပ်ကွက်များဖြစ်သော လက်ကောက်ဈေး ရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ညောင်ပင်ဈေး ရပ်ကွက် တို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၄၂) ဦးထိရှိလာ
Jul 02,2021
မကွေးတိုင်းဒေသကြီး၊  တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၂) ဦးအထိ ရှိလာပြီဖြစ်‌ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့မှ သိရသည်။
ဝါးခယ်မမြို့တွင် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်
Jul 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံအတွင်း ဒေသအချို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားနေသဖြင့် မိမိတို့မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှု မရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်၊ မြူရုံးလမ်းတစ်လျှောက်နှင့် ဈေးရပ်ကွက်၊ မြို့မဈေးစသည့် လူအသွားအလာ များပြားသည့် နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့၊ ရွှေမော‌ဓောပရိယတ္တိ စာသင်တိုက်ကြီး၏ ကျေးဇူးတော်ရှင် ဆရာတော်ကြီး လွန်တော်မူ (၃၂) နှစ်ပြည့် ကျေးဇူးဆပ်အထိမ်းအမှတ်ပွဲနှင့် နိုင်ငံတော်ဘွဲ့ရ အရှင်မြတ် (၁၀) ပါးတို့အား ချီးကျူးဂုဏ်ပြုပူဇော်ပွဲကျင်းပ
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ရွှေမောဓောပရိယတ္တိစာသင်တိုက်ကြီး၏ ကျေးဇူး တော်ရှင်ဘဒ္ဒန္တကောဏ္ဍညာဘိဝံသ လွန်တော်မူသည့် (၃၂) နှစ်ပြည့် ကျေးဇူးဆပ် အထိမ်းအမှတ် ပွဲနှင့် နိုင်ငံတော်မှဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရသည့် ဝိနယကောဝိဒ ဘွဲ့ရဆရာတော်(၁)ပါး၊ သာသနာဓဇဓမ္မာစရိယဘွဲ့ရ ဆရာတော်(၈)ပါး၊ သာမဏေကျော်ဘွဲ့ရဆရာတော် (၁)ပါးတို့အား ချီးကျူးဂုဏ်ပြု ပူဇော်ပွဲကို ယနေ့နံနက်(၈)နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
မြို့သစ်မြို့နယ် ဗိုလ်ချုပ်လမ်း​ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး ၊ မြို့ အင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် မြို့တွင်းရပ်ကွက်များရှိဒေသခံပြည်သူများသွားလာမှု လွယ်ကူ စေရန်လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ဂန့်ဂေါမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအားထားရှိ
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ယာယီဆေးရုံကိုဖွင့်လှစ်ပြီး ဇူလိုင် ၁ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၄)ဦးအား စတင်ထားရှိနေကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၂၈)ဦး ထပ်မံတွေ့ရှိ
Jul 02,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြင်းစိုင်းခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျောက်ဆည် ခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရာ ပိုးတွေ့ရှိသူ(၂၈)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
စလင်းမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျှက်ရှိသော စားသောက် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်းရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က သွားရောက်စစ်ဆေးခဲ့သည်။