လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-ရောဂါပိုးတွေ့ရှိသည့် စာသင်ကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်

လေးမျက်နှာ  ဇူလိုင်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဇွန်လ(၂၈)ရက်နေ့မှစ၍ ရောဂါပိုးတွေ့ရှိခဲ့သော စာသင်ကျောင်းများအား ယမန်နေ့က တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ တပ်မတော်သားများ သွားရောက်၍ ကျောင်းတွင်းကျောင်းပြင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

အမှတ်(၅)၊ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချူပ်ဇော်မြင့်ဦး၏ လမ်းညွှန်ချက်အရ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ အနီးကပ်ကြပ်မတ်မှုဖြင့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သော လေးမျက်နှာမြို့နယ် ထိန်ငူအုပ်စု ရေလဲကျေးရွာ(အ.မ.က)စာသင်ကျောင်းနှင့် ကုန်းစုကျေးရွာ (အ.မ.က)စာသင်ကျောင်းများသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး၊ ကျောင်းသားကျောင်းသူများကိုဗစ်-၁၉ရောဂါ ကင်းဝေး၍ စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်ရေး ကျောင်းတွင်း ကျောင်းပြင် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။ အဆိုပါဆေးဖျန်းခြင်းလုပ်ငန်းများကို တတက(၅)မှ ဆေးမှူးဗိုလ်ကြီးပြည့်ဟိန်း ထက်ဦးစီးသောအဖွဲ့မှ သွားရောက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကျော်ဟိန်း(ပြန်/ဆက်)