ဗန်းမော် ဇူလိုင် ၂
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်စိန်မြင့်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်သူနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညီညီဇော်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းအောင်၊ မြို့နယ်အားကစားနှင့်ကယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဦးသက်ပိုင်ထွန်းနှင့် တာဝန်ရှိသူများတို့က သစ်ပင်ပျိုးပင်များ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။ သစ်တောဦးစီးဌာန၏ "ပတ်ဝန်းကျင်ရေရှည် တည်တံ့ကောင်းမွန်ဖို့ ဂေဟာစနစ်ပြန်လည် ပြုပြင်ထိန်းသိမ်းကြပါစို့" ဟူသည့် ဆောင်ပုဒ်နှင့်အညီ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းဝင်းအတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြေသာယာလှပရေးတွက် မယ်ဇင် ပျိုးပင်၊ ကံ့ကော်ပျိုးပင်၊ ခရေပျိုးပင်နှင့် မဟော်ဂနီပျိုးပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)