မလှိုင် ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းဝေးပွဲကို ယမန်နေ့က မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည် ။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက် က အမှာစကားပြောကြားရာတွင် ယခု အချိန်ကာလသည် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်နေသည့်အချိန် ဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် ၊ ရပ်ကွက် ၊ ကျေးရွာများအနေဖြင့် Quarantine Center များကြိုတင်ပြင်ဆင်ထားရှိရန် ၊ လုံခြုံရေးကိစ္စ များနှင့်ပတ်သက်၍ ၊ မိမိတို့ရုံး လုံခြုံရေး ၊ စာရွက်စာတမ်းလုံခြုံရေး ၊ မိမိကိုယ်တိုင်နှင့် ဝန်ထမ်းများလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ပြီး ထူးခြား ဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ တင်ပြသွားရန် ၊ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းသည် အရေးကြီး ကြောင်း သို့ဖြစ်ရာ ရပ်/ကျေးစာရေးများအနေဖြင့် ပုံစံ(၂၇)မျိုးကို Up To Date ဖြစ်အောင်ဆောင် ရွက်ထားရန်နှင့် မြို့နယ်မှ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည် ။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအအဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်း က ဖြစ်ပေါ်နေသော ဆူပူအကြမ်း ဖက်မှုများအကြောင်းနှင့် လုံခြုံရေးအစီအမံများအကြောင်းကို ဆွေးနွေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်းမောင် က အသံမိုင်း၊ လက်လုပ်ဗုံးနှင့် ပါဆယ်ဗုံးများအကြောင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့သည် ။ ယင်းနောက်အဖွဲ့ဝင်(၂) ဦးကျော်ငြိမ်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများသည် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် လုပ်ငန်းများကို ထိထိရောက် ရောက် အားစိုက်ဆောင်ရွက်သွား ရွက်သွားကြရန် ၊ မြို့နယ်လဝကဦးစီးမှူး ဦးဌေးဝင်းက ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသား စီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု ကိုရှင်းလင်းပြောကြားပေးခဲ့ပြီး တက်ရောက်လာသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသ၏ ပညာရေး၊ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး ၊ စိုက်ပျိုးရေးစသည့် အခြေ အနေများကို တင်ပြခဲ့ရာ သက်ဆိုင်ရာဌာန များမှပြန် လည်ရှင်းလင်း ဆောင်ရွက်ပေးခဲ့သည် ။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဌာနဆိုင်ရာ များအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစည်းဝေးဆုံးဖြတ်ချက်များကို လိုက်နာအကောင် အထည်ဖေါ် ဆောင်ရွက်သွားကြရန်၊ အထူးသဖြင့် စိုက်ပျိုးရေး ၊မွေးမြူရေး၊ကျန်းမာရေး၊ ရေရရှိရေးနှင့် လမ်းပမ်းဆက်သွယ်ရေးစသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ ကြောင်းသိရသည် ။
အောင်ဌေး( မလှိုင် )