Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပန်းတောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်၊ ထုံးဘို အုပ်ချုပ် ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေး ဂိတ်များထားရှိ ဆောင်ရွက်
Jul 02,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေး အတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များထားရှိ ဆောင်ရွက်ခြင်းကို ယမန်နေ့မှစတင်၍ ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးတွေ့လူနာများ ထားမည့်နေရာ ဆောင်ရွက်ထားရှိ
Jul 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ (Positive) Isolation အဖြစ် အသုံးပြုရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း Community Based Facility Quarantine များ စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်တွင် နှံစားပြောင်းများ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
Jul 02,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မယ်ဘေ့ကုန်း ကျေးရွာတွင် နှံစားပြောင်း သီးနှံစိုက်ခင်းများ စိုက်ပျိုးထားရာ လတ်တလော မိုးရွာသွန်းမှုများကြောင့် စိမ်းစိုလန်းဆန်းပြီး အပင်များ ဖွံ့ဖြိုးကြီးထွားလာကြောင်း မယ်ဘေ့ကုန်းကျေးရွာ နှံစားပြောင်းစိုက် တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊မုံရွာကွပ်ကဲမှုအောက်ရှိ သင်တန်း ကျောင်းများတွင် မိုးရာသီကာလ သစ်ပင်စိုက်ပွဲ ကျင်းပ
Jul 02,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက် စစ်ကိုင်းတိုင်းဒေသ ကြီး ဦးစီးမှူးရုံး၊ မုံရွာနှင့်သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ သင်တန်း သူများအား သစ်ပင်နှင့်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့်စိတ်ဓာတ်များ ဖော်ဆောင် ပေးရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာ၏ ကွပ်ကဲမှုအောက်ရှိ သင်တန်းကျောင်း များတွင် ယမန်နေ့ နံနက်ပိုင်းက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား များကို ကျင်းပပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှ၌ ကျောင်းထိုင်ဆရာတော် တစ်ပါးနှင့် ကမ္ဘာ့ရတနာဘဏ်ဝန်ထမ်းတစ်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိ
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ လက်ဆက်အုပ်စု၊ စိန်ကန့်လန်ကျေး ရွာစိတ္တသုခကျောင်းတိုက် ဆရာတော်သည် နေမကောင်းဖြစ်၍ အနံ့ပျောက်ဆုံးနေကြောင်း သတင်း ပေးပို့လာသဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့က သွားရောက်စစ်ဆေးရာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်
Jul 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၁ ခုနှစ် မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့ နံနက် ၈ နာရီမိနစ် ၃၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်းစီ၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25262
Page
25263
Page
25264
Page
25265
Current page
25266
Page
25267
Page
25268
Page
25269
Page
25270
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department