မောင်တော ဇူလိုင် ၁
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ မောင်တောမြို့နယ် သို့ပြောင်း ရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့၏ မိသားစုဝင်များ ၊ အကောက်ခွန် ဝန်ထမ်းများ၊ ဖျားနာ ၊ ခေါင်း ဆိုး၊ အသက် ရှုကြပ်ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူ များ နှင့် Quantine ထားရှိသူများအား Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ (၉၆)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအား သက်ဆိုင်ရာတပ်ဖွဲ့ခွဲများရှိ သီးသန့်ဆောင် နှင့် မောင်တောမြို့ ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင် တို့တွင် ကျန်းမာရေး စောင့် ရှောက်မှု ခံယူလျက်ရှိရာ ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့ မှ ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အ တည် ပြုလူနာ စုစုပေါင်း (၁၃၉)ဦး ရှိပြီး ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြုလူနာများအနက် (၅)ဦးမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်း ချက် များ နှင့် အညီ ရက်ပြည့် မြောက်ပြီး ရောဂါ လက္ခဏာ ထပ်မံ ပြသမှု မရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး လက်ရှိ ဆေးကုသမှုခံ ယူနေသူ (၁၃၄)ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦးထံမှ သိရသည်။
သက်လွင်စိုး