မုဒုံ ဇူလိုင် ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူ ကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ကမာအုပ်ကျေးရွာရှိ တောင်သူ (၆၉) ဦးအား အဆိုပါဘဏ်ခွဲတွင် ချေးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။
မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ဇွန်လပထမပတ်ကစတင်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် တောင်သူ (၆၉) ဦး၊ လယ်ဧက (၄၄၈) ဧကအတွက် ထုတ်ချေးငွေကျပ် (၆၇၂) သိန်းရှိပြီး ဇူလိုင်လ ၂ ရက်နေ့အထိ ကျေးရွာပေါင်း(၁၂)ရွာ တောင်သူဦးရေပေါင်း (၄၇၄)ဦး၊ စိုက်ဧက ပေါင်း (၃၁၉၇)ဧက၊ စုစုပေါင်း ထုတ်ချေးငွေကျပ် (၄၇၉၅၅၀၀၀၀) ကို အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)