သတင်းများ

ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦး ထပ်မံတွေ့ရှိ
Jul 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ပေါ်၌ ယမန်နေ့ ညနေပိုင်း က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီး အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အမျိုးသမီးအခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက တောင်တွင်းကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jul 02,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး တော်ဝင်ဟံသာစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၁ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။
မော်လမြိုင်မြို့၌ မွန်ပြည်နယ်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 02,2021
မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင်ယနေ့နံနက်၁၀နာရီကမွန်ပြည်နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူငယ်သင်တန်းကျောင်း ကလေး များ လေ့ကျင့်သင်ကြားရေး ကျောင်းခန်းမဆောင်၌ ကျင်းပသည်။
မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုး မြှင့်ဆောင်ရွက်လျက်ရှိ
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့ပွား မှု ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ Volunteer များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
လွိုင်လင်ခရိုင် အမျိုးသမီးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် အမျိုးသမီးကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် ဆည်ကြီး (ရွာသစ်) ကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အောင်မြင်ပြီးစီးခြင်း အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 02,2021
ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အောင်မြင်ပြီးစီးခြင်း အထိမ်း အမှတ် ကျေးရွာအဆင့်ခေါင်းဆောင်မှုပညာနှင့် ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆည်ကြီး (ရွာသစ်)ကျေးရွာ ရွာလည်ကွန်ကရစ်လမ်းမပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကျန်းမာရေးဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီက မွေးကင်းစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။