နတ်မောက် ဇူလိုင်၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၂၉)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင်လ (၁) ရက်နေ့နံနက်က လာရောက်စစ်ဆေးသူ (၁၁)ဦးအနက် နတ်မောက်မြို့နယ် ဈေးသာကျေးရွာ (၁)ဦး ၊ရန်အောင်မြင်ရပ်ကွက် (၁) ဦး၊ စုစုပေါင်း (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive) တွေ့ရှိ ခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ယနေ့အထိ (၂၉) ဦးရှိပြီး၊ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ ဆေးရုံတွင် (၂၀) ဦး ၊ Covid Centre (2)တွင် ( ၉) ဦး ထားရှိသွားမည် ဖြစ်ကြောင်းသိရသည်။
လှဝင်း