မင်းလှမြို့နယ်အား ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန်(Stay at Home)မြို့နယ်အဖြစ် ကြေညာ

 

 

မင်းလှ ဇူလိုင် ၂

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန်(Stay at Home) မြို့နယ်အဖြစ် ကြေညာခြင်း ဇူလိုင် ၁ ရက်ညပိုင်းက မီးသတ်ဦးစီးဌာနက အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်စွဲဖြင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထုတ်ပြန်သည့် အမိန့်အမှတ် (၂၇၀/၂၀၂၁)ဖြင့် မင်းလှမြို့နယ်အတွင်းရှိ မြို့ပေါ်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၄)အုပ်စုတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ ထပ်မံကြော်ငြာသွားရန် မြို့နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးထွဋ် (မြို့နယ်အုပ်ချုပ်ရေးမှူး)မှ ညွှန်ကြားထားရှိကြောင်း သိရသည်။

အဆိုပါ အမိန့်အမှတ်(၂၇၀/၂၀၂၁) တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ  မင်းလှမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ(၂၉၈) ဦးထိ တွေ့ရှိရမှုများပြားလာပြီး ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိပါသဖြင့် မင်းလှမြို့ နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန်(Stay at Home) လိုအပ်သည့်အတွက် အမိန့်အမှတ် (၂၇၀/၂၀၂၁) အား ထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်သည် ဇူလိုင်လ ၂ ရက် နံနက် ၄ နာရီမှ စတင်သက်ရောက်မှုရှိကြောင်း သိရသည်။

 

ပေါက်စ