သတင်းများ

သာယာဝတီမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ(Stay at Home) အစီအစဉ် အကျုံးဝင်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် Covid-19 ပိုးတွေ့အတည်ပြုလူနာများ တွေ့ရှိမှုများပြားလာပြီး ပိုးတွေ့နှုန်း မြင့်တက်လာသဖြင့် ဇူလိုင် ၁ ရက်ညပိုင်းက ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက ၂၀၂၁ ခုနှစ် ဇူလိုင်လ၂ ရက်နေ့ နံနက် ၄ နာရီ မှစတင်၍ သာယာဝတီမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။
 ဇီးကုန်းမြို့နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အခြားစားဖွယ် သောက်ဖွယ် ရောင်းချဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေးအတွက် လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အခြားစားဖွယ် သောက်ဖွယ် ရောင်းချဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ဇွန်လ ၂၉ ရက်မှ စတင် ညွှန်ကြားခဲ့ရာ ညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိမရှိကို တာဝန်ရှိသူများမှ ယနေ့နံနက် ၉ နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ မိုးနိုင်းချောင်းကူးကွန်ကရစ်တံတားဖွင့်ပွဲ ကျင်းပ
Jul 02,2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မိုးနိုင်းချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပိုင်ကျုံမြို့ မိုးနိုင်ကျေးရွာ၌ ကျင်းပခဲ့သည်။
ကျောက်တံခါးမြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူ
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်  ကျောက်တံခါးမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို ယမန်နေ့က တာဝန်ရှိသူများက စိုက်ထူခဲ့ကြ သည်။
လှိုင်းဘွဲမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
Jul 02,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ လှိုင်းဘွဲမြို့နယ်ရုံး ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်း က ပိုင်ကျုံမြို့၊ ကစိုရွာသစ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ရက်ထဲ (၁၁)ဦး စစ်ဆေးတွေ့ရှိ စုစုပေါင်း (၁၈) ဦးရှိပြီဖြစ်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ အတည်ပြု လူနာ (၁၀၂) ဦးနှင့် ရန်ကုန်ပြန် (၁)ဦး စုစုပေါင်း (၁၀၃)ဦးအား ဇူလိုင် ၁ ရက်နေ့တွင်  RDT(Test Kit) ဖြင့်စစ်ဆေးရာ ကိုဗစ်အတည်ပြုလူနာ (၁၁) ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ညောင်လေးပင်မြို့နယ်တွင် (၁၈) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အမ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး 
Jul 02,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုဖောက်ပြန်ခြင်းများ လျော့နည်းစေပြီး သဘာဝဘေန္တရာယ်များ ကင်းဝေးစေနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က မြတ်စွယ်တော်ဓါတ်ပေါင်းစု ဓမ္မာရုံဝန်းတွင် ပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများဆက်လက်ထုတ်ချေးပေး
Jul 02,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁) ခန်းမ၌ ဆက်လက် ထုတ်ချေးပေးသည်။