နတ်မောက်မြို့နယ်အတွင်း အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၄၀၄) ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

နတ်မောက် ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား   (၁၄၀၄) ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းတည့် (၁၂) နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယ (၃) ပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လများအတွက်  နတ်မောက်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားဦးရေပေါင်း (၁၄၀၄) ဦးအတွက်  တစ်ဦးလျင်  (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း  လူမှုရေးပင်စင် (၄၂၁၂၀၀၀၀) ကျပ်အား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ ထောက်ပံ့င ွေများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။

သင်းသင်းမြတ် (နတ်မောက်)