ချောင်းဆုံ ဇူလိုင် ၂
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမားများအား မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်နှင့်အညီ ချေးငွေထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကွမ်ရိုက်ကျေးရွာရှိတောင်သူ(၅၀)ဦး လယ် ဧက(၃၂၀)ဧကအတွက် ချေးငွေကျပ်သိန်း(၄၈၀)ကို အဆိုပါဘဏ်ခွဲတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ဇွန်လ (၃) ရက်နေ့က စတင်ထုတ်ချေးပေးပြီး ယနေ့အထိ ထုတ်ချေးပြီးသည့် ကျေးရွာပေါင်း (၁၃) ရွာရှိပြီး တောင်သူဦးရေစုစုပေါင်း (၇၀၀) ဦး စိုက်ဧကပေါင်း (၄၃၃၆) ဧကအတွက် ထုတ်ချေး ပေးပြီးသည့် ငွေသားပေါင်းမှာ ကျပ်(၆၅၀၄)သိန်းရှိပြီးဖြစ်ကြောင်း၊ ချောင်းဆုံမြို့နယ်တွင် ရပ်/ကွက်ကျေးရွာ အုပ်စုပေါင်း (၄၆) အုပ်စုရှိကြောင်းနှင့် ထုတ်ချေးရန်ကျန်ရှိသည့် ကျေးရွာများအားလည်း နေ့စဉ်၊ ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဘဏ်ခွဲမန်နေဂျာဦးဇော်လေးထံမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)