ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁၀၁)ဦးထိရှိ
Jul 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ကြသည့် ပြည်သူများကို လုပ်ထုံးလုပ်နည်း နှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ် -၁၉ရောဂါပိုးရှိ/မရှိ Swab နမူနာများရယူ၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ စစ်ဆေးချက် အဖြေအရ ယခင်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ(၇၆)ဦးရှိရာမှ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် အမျိုးသား(၁၂)ဦး၊ အမျိုးသမီး (၁၃)ဦး စုစုပေါင်း(၂၅)ဦး ထပ်မံတွေ့ရှိခဲ့ရာ ယနေ့အချိန်အထိ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁၀၁)ဦး ထိရှိ ပြီဖြစ်ကြောင်း သိရသည်။