သတင်းများ

မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေသိန်း ၂၀ လာရောက်လှူဒါန်း
Jul 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်း ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် ကိုဗစ်-၁၉ ရောဂါ Positive လူနာများထားရှိမည့် ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းအား ကြည့်ရှု စစ်ဆေး
Jul 17,2021
မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြား လာသဖြင့် ကူးစက်ခံရသူအရေအတွက် နေ့စဉ်မြင့်တက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ Positive လူနာများထားရှိမည့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌  ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုကို ထိရောက်စွာကာကွယ်၊  ထိန်းချုပ်၊ ကုသနိုင်ရေး  အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာ
Jul 17,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ရှိ ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုကို ထိရောက်စွာကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲက ကော့ကရိတ်မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးခရိုင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံသို့ ငွေကျပ် သိန်း (၁၀၀) လှူဒါန်းပေးအပ်
Jul 17,2021
လားရှိုးမြို့၌ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ဇွန်လ (၉) ရက်နေ့ကတည်းက ခရိုင်/မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီက အထူးကြပ်မတ် စောင့်ကြည့်ကုသဆောင်များကို စီစဉ်ဆောင်ရွက်နေသည်မှာ (၁) လကျော်ခဲ့ပြီး ဖြစ်ပါသည်။
ချင်းပြည်နယ် စီမံအုပ်​ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက ဟားခါးမြို့ အ.ထ.က (၃) ကျောင်း Quarantine Centre နှင့် ပြည်သူ့ဆေးရုံကြီး
Jul 17,2021
ချင်းပြည်နယ် စီမံအုပ်​ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များ နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးတို့သည့် ဇူလိုင်လ ၁၇ ရက် ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း Quarantine Centre သို့ သွားရောက်ပြီး လူ (၆၆) ဦး Qurantine ထားရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက် စစ်ဆေးသည်။
မော်လမြိုင်ကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များ အတွက် Oxygen Plant အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်
Jul 17,2021
ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များအား ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့မိမြို့ဖများ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍ Oxygen Plant တည် ဆောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ခိုလမ်မြို့ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ( ၈ ) ဦးကို ဆေးရုံမှ ဆင်းခွင့်ပြု
Jul 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ လူမျိုးပေါင်းစုံနှစ်ခြင်း ခရစ်ယာန်ကျောင်းမှ အမျိုးသား(၇)ဦးနှင့်ခိုအွတ်ကျေးရွာအုပ်စု ၊ နမ့်ကျိုင်းရွာမှ အမျိုးသမီး(၁)ဦး ကိုဗစ်-၁၉ ပိုးတွေ့လူနာတို့မှာ ခိုလမ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေးကောင်းမွန်လာပြီ ဖြစ်သဖြင့် ယနေ့ နံနက်ပိုင်း တွင်ဆေးရုံ မှဆင်းခွင့်ပြုခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်​ရေး ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ ပြည်သူများ လိုက်နာဆောင်ရွက်
Jul 17,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းမှ စတင်ပြီး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိမှုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသည့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။