ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ မြို့နယ်ဆရာဝန်ကြီးနှင့် တွေ့ဆုံမေးမြန်း

ရသေ့တောင် ဇူလိုင် ၁၈

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ လက်ရှိဖြစ်ပွားလျက်ရှိနေသည့် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားနေမှုနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ကုသ‌ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ တင်မြင့်ဦးအား ယနေ့ နံနက် ၁၀ နာရီက တွေ့ဆုံမေးမြန်းခဲ့သည်။

ဟုတ်ကဲ့ မင်္ဂလာပါ ကျနော်ကတော့ ရသေ့တောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ် ဆရာဝန်ကြီး ဒေါက်တာတင်မြင့်ဦး ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါ လက္ခဏာတွေ ဖြစ်လာရင် အလွယ်တကူ ဆက်သွယ်လို့ရမယ့်နေရာတွေကို social media ကနေတစ်ဆင့်ကြော်ငြာတယ်၊ ပန်းပလက်တွေဝေတယ်၊ လမ်းဆုံလမ်းခွများမှာ ဗီနှိုင်း ပိုစတာတွေစိုက်ထူပြီးဆောင်ရွက်တာတွေရှိပါတယ်။ ကိုဗစ်-၁၉ သံသယလူနာတွေကိုတော့ ကျနော်တို့ Papid Diagnostic Tast (RDT)စက်ဖြင့် စစ်ဆေးတယ် ပိုးတွေ့ပြီဆိုရင်တော့ ဆေးရုံမှာကုသမှုလုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။ အဲဒီလိုကုသရေးပိုင်း ဆောင်ရွက်တဲ့ အခါမှာလည်း ပြင်းထန်တဲ့လူနာနှင့် မပြင်းထန်တဲ့လူနာဆိုပြီးခွဲလိုက်တယ်။ အခုလောလော ဆယ်တော့ အကုန်လုံးဆေးရုံမှာပါ နောက်ပိုင်းလူနာတွေများလာရင်တော့ ရောဂါပြင်းထန်မှု မရှိတဲ့လူနာတွေကို ကုသရေး Cente တစ်ခုဖွင့်လှစ်ပြီးတော့ ကုသပေးမှာဖြစ်ပါတယ်။

ကျနော်တို့အနေနဲ့ကတော့ Quaratine Centre စီစဉ်ထားရှိမှု အခြေအနေနှင့်ပတ်သက်ပြီး Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ပြန်လာတဲ့ပြည်သူတွေကို အဲဒီ Centre မှာထားမယ်လို့စီစဉ်ထားပါတယ်။ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့တဲ့ သူတွေ ကတော့ သီးခြားနေထိုင်ဖို့လိုအပ်ပြီး ကိုဗစ်-၁၉ရောဂါ လက္ခဏာဟာ အများအားဖြင့် ဖျားကြတယ်ပြီးတော့ ကိုယ်လက်ကိုက်ခဲတယ် အသက်ရှုမဝဘူး မောပန်းလာတယ် ဆိုရင်တော့ စိုးရိမ်ရတဲ့အခြေအနေလို့ဆိုရမှာပေါ့။ လူနာတွေအတွက် အောက်ဆီဂျင် ကတော့ ကျနော်တို့ဆေးရုံမှာ ဆလန်တာ ၄၀ လီတာအိုး ၁၈ လုံး၊ ၁၅ လီတာအိုး ၁၀ လုံးရှိပြီး  လူနာတွေ အရမ်းများလာရင်တော့ အောက်ဆီဂျင်အခက်အခဲဖြစ်နိုင်ပါတယ်။

ကျနော်တို့မြို့နယ်မှာ ဒီကိုဗစ်-၁၉ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့နည်းစေဖို့အတွက် တတိယလှိုင်း စဖြစ်ကတည်းက နှာခေါင်းစည်းအခမဲ့ ဖြန့်ဝေတာရယ်၊ ပန်းပလက်များ ဖြန့်ဝေတာရယ်၊ Social Media ကတစ်ဆင့် ကြော်ငြာပေးတာတွေ စတဲ့အသိပညာပေး လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက် နေပါတယ်။ ယနေ့ထိပိုးတွေ့လူနာနှင့် ပြန်လည်ကျန်းမာလာမှုနှင့် ပတ်သက်ပြီး ကျနော်တို့မြို့နယ်မှာ ဇူလိုင် ၁၂ ရက်နေ့က ရောဂါပိုးအသစ်စတွေ့တာဖြစ်ပြီး ဆေးရုံဆင်းလူနာတွေမရှိသေးပါဘူး အခုလက်ရှိမှာ အတည်ပြု လူနာ ၁၂ ဦးထဲက တစ်ဦးကတော့သေဆုံးသွားပါပြီ။ ကာကွယ်ဆေးထိုးနှံ့မှုနှင့် ပတ်သက်ပြီးတော့ ပြည်နယ်က ညွှန်ကြားချက်ပေါ်မူတည်ပြီး ဦးစားပေးအဆင့်အလိုက် ထိုးနှံ့ပေးသွားမှာဖြစ်ပါတယ်။

ကျနော်အနေနဲ့ပြည်သူတွေကို အဓိကပြောချင်တာကတော့ မျက်စိနှားဖွင့်ထားစေချင်ပါတယ်။ မပေါ့ဆ စေချင်ပါဘူး အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ပါ၊ လက်ဆေးပါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းချက်တွေကို တိတိကျကျလိုက်နာ ဆောင်ရွက် ပေးကြဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။

အောင်စံထွန်း (ပြန်/ဆက်)