အမ်း ဇူလိုင် ၁၈
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အောက်ဆီဂျင် (၄၀)လီ တာဆန့်(၄၇)လုံး၊ နွားနို့၊ ကြက်ဥ၊ ဘီစကွတ်မုန့်တို့ကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထိုသို့လှူဒါန်းရာတွင် ယခုအချိန်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်နေသဖြင့် ပြည်သူ လူထုအတွက် အထောက်အကူပစ္စည်းဖြစ်သည့် အောက်ဆီဂျင်ဗူး(၄၀)လီတာဆန့်(၄၇)လုံးနှင့်အတူ အဟာရပြည့်ဖြစ်စေမည့် နွားနို့၊ ကြက်ဥ၊ ဘီစကွတ်မုန့်များကို အမ်းမြို့နယ်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ရွှေအမ်းတောင်ခန်းမရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ထားရှိမည့်နေရာအား ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
စိုးမင်းထွန်း