သတင်းများ

ကိုဗစ် - ၁၉ ရောဂါပိုးရှိ သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များထားရှိ ရန် ပြင်ဆင်ဆောင်ရွက်နေသည့် စင်တာများနှင့်ပြည်သူများ၏လက်ဝယ် အရောက် အောက်ဆီဂျင်ဖြန့်ဖြူးပေးဝေနေမှုများကို ကြည့်ရူစစ်ဆေး
Jul 19,2021
ကိုဗစ် - ၁၉ ရောဂါပိုးရှိ သံဃာတော်၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များထားရှိရန် ပြင်ဆင်ဆောင်ရွက်နေသည့် စင်တာများနှင့် အောက်ဆီဂျင်စက်ရုံများမှ အောက်ဆီဂျင်များကိုပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဖြူးပေးဝေနေမှု များကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရူစစ်ဆေးသည်။
ပေါက်တောမြို့ မြို့မဈေးကြီးဝင်လမ်းနှင့်ဈေးပတ် လမ်း၌ ကိုဗစ်-၁၉ရောဂါ ပိုးသတ်ဆေးဖျန်း
Jul 19,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့မဈေးကြီးအဝင်လမ်းများနှင့် ဈေးပတ် လမ်းတို့ကို ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်စေရန် ပိုးသတ်ဆေးများဖျန်းပေးခြင်းကို ယနေ့ညနေ(၅)နာရီက ပြုလုပ်ဆောင်ရွက် ကြသည်။
သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၉)ဦးစစ်ဆေးတွေ့ရှိ
Jul 19,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၁၈ ရက်နေ့နံနက်တွင် မြို့နယ်အတွင်း Home Quarantine ထားရှိသူ (၁၈)ဦး ၊ Checkup (၂)ဦးနှင့် PUI (၇)ဦး စုစုပေါင်း (၂၇)ဦးတို့၏ Swab နမူနာများအား Covid-19 Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၉)ဦးတွင် Covid-19 ရောဂါ ပိုး တွေရှိခဲ့ကြောင်း သိရသည်။
ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှ ဆေးရုံနှင့် ကုသရေးစင်တာ များတွင် လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်ရေးအလှူငွေပေးအပ်
Jul 19,2021
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည်ဆေးရုံနှင့် ကိုဗစ်-၁၉ Treatment Centreများတွင် လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ယနေ့ညနေ(၄) နာရီခန့်တွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ်(၁၀)သိန်း ကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကောင်းစံမြတ်ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြေပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်အပြင်ထွက်တိုင်း Mask တပ်ဆင်ခြင်း မရှိသူများအားအရေးယူဆောင်ရွက်
Jul 19,2021
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြေပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အသိပညာပေး ကာလပြီးဆုံးပြီဖြစ်၍ ပြည်သူများအိမ်အပြင် ထွက် သည့် အခါ Mask တပ်ဆင်မှုမရှိဘဲသွား/လာကြသူများအား ဒါဏ်ရိုက်အရေးယူ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်ကမြို့မဈေးကြီးလမ်းဆုံ၌ ဆောင်ရွက်သည်။
သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅၀ ဦး ထပ်တိုးတွေ့ရှိ
Jul 19,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဇူလိုင်လ ၁၈ ရက်၊ နံနက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅၀ ဦး ထပ်တိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အဖွဲ့မှ သိရသည်။ သထုံခရိုင်ပြည်သူ့ဆေးရုံကြီး Fever Clinic တွင် ကိုဗစ်-၁၉ ရောဂါ သံသယ လူနာ ၆၂ ဦးအား (RDT) Test kits ဖြင့် စစ်ဆေးရာ သထုံမြို့နယ်အတွင်းမှ အမျိုးသမီး ၂၃ ဦးနှင့် အမျိုးသား ၂၇ ဦး၊ စုစုပေါင်း ၅၀ ဦးတို့ထံ၌ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
လွိုင်လင်မြို့ ခုတင် ၂၀၀ ဆံ့ဆေးရုံးကြီးရှိ Oxygen Plant -1 Unit အား လည်ပတ်နိုင်ရေးနှင့် နမ့်စန်မြို့ဆေးရုံဝင်အတွင်း၌ Oxygen Plant စက်အသစ် (၁)လုံး ဝယ်ယူတပ်ဆင်အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင် ၊ လွိုင်လင်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက လွိုင်လင်မြို့ ခုတင် ၂၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံးကြီးရှိ Oxygen Plant -1 Unit အား လည်ပတ်နိုင်ရေးနှင့် နမ့်စန်မြို့ဆေးရုံဝင်းအတွင်း၌ Oxygen Plant စက်အသစ်(၁)လုံး ဝယ်ယူတပ်ဆင်အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကြောင်းသိရသည်။