Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း အစည်းအဝေးကျင်းပ ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းများအား အလှူငွေနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Jul 20,2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁) တွင် ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ပုသိမ်မြို့၊ ခုတင်(၅၀၀)ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့ ခုတင်(၅ဝဝ) အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်−၁၉ လူနာများအား ကျန်းမာရေးစောင့်ရှောက် ကုသမှုလုပ်ငန်းဆောင်ရွက် နေသော ကျန်းမာရေး ဝန်ထမ်းများအတွက် ကြက်ဥအလုံး (၅ဝဝ)နှင့်အလှူငွေကျပ်(၅)သိန်း လာရောက်လှူဒါန်း
Jul 20,2021
ပြည် ဇူလိုင် ၂၀
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထားရှိ ကုသဆောင်ရွက်ရန် အဆောင်များအား ကြည်ရှုစစ်ဆေး
Jul 20,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက COVID-19 Positive လူနာများနှင့် Contact လူနာများ ထားရှိကုသနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် မကွေးမြို့ အခြေခံ ကျန်းမာရေးတက္ကသိုလ်သို့ ရောက်ရှိကာ ကိုဗစ်လူနာများအတွက် ခုတင်၊စောင်၊ ခေါင်းအုံးနှင့် အသုံး အဆောင်ပစ္စည်းများ ပြင်ဆင်ထားရှိမှု၊ သောက်သုံးရေနှင့် မီးရရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့သို့ အောက်ဆီဂျင်အိုး ဝယ်ယူရန် နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများလှူဒါန်း
Jul 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အလှူရှင်များက အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် တစ်နေ့လျှင် အောက်ဆီဂျင်လီတာ (၄၀)ဆံ့အိုး အလုံး(၁၂၀)ဖြည့်တင်းပေး နိုင်မည့် အောက်ဆီဂျင်ထုတ် စက်ရုံ တည်ဆောက်မည်
Jul 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၌ ကိုဗစ်လူနာများနှင့် အောက်ဆီဂျင်အသုံးပြုနေရသူ များ၊ အောက်ဆီဂျင် လိုအပ်ချက် များပြားလာသဖြင့် အရေးပေါ်လွယ်ကူ အဆင်ပြေစွာ ရရှိ အသုံးပြုနိုင်ရန် အောက်ဆီဂျင်ထုတ် စက်ရုံတစ်ရုံ တည်ဆောက်မည်ဟု သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အသုံးပြုရန် အောက်စီဂျင် ဝယ်ယူနိုင်ရေး အလှူငွေ များလှူဒါန်း
Jul 20,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသလျက်ရှိ သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အသုံးပြုရန် အောက်ဆီဂျင် ဝယ်ယူရေးအတွက် မြို့နယ်အတွင်းနှင့် တစ်ဖက်နိုင်ငံမှ အလှူရှင်များက ယနေ့ နံနက်ပိုင်းတွင် နမ့်ခမ်းမြို့ ကုတင်(၁၀၀) ပြည်သူ့ ဆေးရုံသို့ လာရောက်လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်
Jul 20,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ မိုးအဆက်မပြတ်ရွာသွန်းပြီး လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားခြင်းကြောင့် အန္တရာယ်မဖြစ်ပွားရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jul 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့၌ ရေဝင်ရောက်မှု ဖြစ်ပွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25046
Page
25047
Page
25048
Page
25049
Current page
25050
Page
25051
Page
25052
Page
25053
Page
25054
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department